Onepay ကနေ ငွေသွင်းခြင်း/ထုတ်ခြင်း အလုပ်လုပ်ပုံ
Onepay က မြန်မာနိုင်ငံမှာ မိုဘိုင်းငွေလွှဲ ဝန်ဆောင်မှုအဖြစ် လူသုံးများတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကိုယ့်ဖုန်းထဲက Onepay အက်ပ်ကို ဖွင့်ပြီး ငွေသွင်းချင်ရင် အကောင့်ထဲမှာ ပြထားတဲ့ လက်ခံသူ အချက်အလက်ကို ရွေးချယ်ပါ။ ငွေပမာဏ ရိုက်ထည့်ပြီး PIN နဲ့ အတည်ပြုလိုက်ယုံပါပဲ။ ငွေထုတ်ချင်တဲ့အခါလည်း ကိုယ့် Onepay အကောင့်နံပါတ်ကို ထည့်သွင်းထားဖို့ လိုပါတယ်။ ငွေထုတ်ခြင်းအတွက် ကိုယ့်အမည်နဲ့ Onepay အကောင့် တူညီရပါမယ်။ KBZPay၊ WavePay၊ AYA Pay တို့လိုပဲ Onepay ကိုလည်း ငွေလွှဲမျက်နှာပြင်ထဲမှာ ရွေးနိုင်ပါတယ်။ ငွေသွင်းပြီးရင် အကောင့်လက်ကျန်မှာ ထင်ဟပ်လာပါလိမ့်မယ်။ ငွေထုတ်ရင်တော့ အတည်ပြုစစ်ဆေးမှု ပြီးမှ Onepay ထဲကို ပြန်ရောက်ပါတယ်။ တစ်ခုခု မှားယွင်းသွားရင် ဒီစာမျက်နှာထဲက အဆင့်တွေ ပြန်စစ်ကြည့်ပါ။